{"product_id":"oliver-jeffers-from-international-bestseller-4books","title":"Oliver Jeffers From International Bestseller 4Books","description":"\u003cp\u003eအသက် ၃နှစ်မှ ၇နှစ်\u003c\/p\u003e\n\u003cp\u003eUp and Down (အတက်နှင့် အဆင်း)\u003cbr\u003e• Lost and Found ထဲက ကောင်လေးနဲ့ ပင်ဂွင်းလေးတို့ရဲ့ ဒုတိယမြောက်ဇာတ်လမ်းပါ။ ပင်ဂွင်းလေးဟာ တခြားငှက်တွေလို ပျံသန်းချင်စိတ် ပြင်းပြနေပြီး သူ့ဘာသာသူ ပျံသန်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ပျံသန်းခြင်းထက် ပိုအရေးကြီးတာက ဘာပဲဖြစ်ဖြစ် မိမိဘေးမှာ အမြဲရှိနေပေးမယ့် သူငယ်ချင်းပဲဆိုတာကို သင်ခန်းစာရသွားစေမယ့် ပုံပြင်လေးပါ။\u003c\/p\u003e\n\u003cp\u003eLost and Found (ပျောက်ဆုံးခြင်းနှင့် ရှာဖွေတွေ့ရှိခြင်း)တစ်နေ့မှာ ကောင်လေးရဲ့ အိမ်တံခါးဝကို ပင်ဂွင်းလေးတစ်ကောင် ရောက်လာပါတယ်။ ပင်ဂွင်းလေး လမ်းပျောက်နေတယ် ထင်ပြီး ကောင်လေးက သူ့အိမ်ပြန်ရောက်အောင် လှေလေးတစ်စင်းနဲ့ တောင်ဝင်ရိုးစွန်းအထိ လိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ပင်ဂွင်းလေး ရှာနေတာဟာ အိမ်မဟုတ်ဘဲ \"သူငယ်ချင်းစစ်\" တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ...။\u003c\/p\u003e\n\u003cp\u003eHow to Catch a Star (ကြယ်ကလေးကို ဘယ်လိုဖမ်းမလဲ)\u003cbr\u003eကောင်လေးဟာ ကြယ်တွေကို အရမ်းသဘောကျပြီး သူ့အတွက် ကိုယ်ပိုင်ကြယ်ကလေးတစ်လုံးလောက် ပိုင်ဆိုင်ချင်ခဲ့ပါတယ်။ ကြယ်ကလေးကို ဖမ်းမိဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ နေရာတစ်ခုမှာ ကြယ်ကလေးကို ထူးထူးခြားခြား ပိုင်ဆိုင်ခွင့် ရရှိသွားပါတယ်။\u003c\/p\u003e\n\u003cp\u003eThe Way Back Home (အိမ်အပြန်လမ်း)\u003cbr\u003e•  ကောင်လေးဟာ သူ့ရဲ့ လေယာဉ်ပျံလေးကို စီးပြီး အာကာသထဲအထိ ပျံသန်းသွားရင်း လောင်စာဆီကုန်ပြီး လမင်းကြီးပေါ်မှာ သောင်တင်သွားပါတယ်။ ထူးဆန်းတာက အဲဒီလပေါ်မှာပဲ အာကာသယာဉ် ပျက်ကျလို့ သောင်တင်နေတဲ့ ဂြိုဟ်သားလေးတစ်ကောင်နဲ့ ဆုံတွေ့ရပါတယ်။ သူတို့နှစ်ယောက် အိမ်ပြန်နိုင်ဖို့ ဘယ်လိုပူးပေါင်းပြီး ကြိုးစားကြမလဲဆိုတာ ရင်ခုန်စရာ ရေးသားထားပါတယ်။\u003c\/p\u003e","brand":"BABY LLAMA","offers":[{"title":"Default Title","offer_id":46932621230258,"sku":"TB0026","price":55000.0,"currency_code":"MMK","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0621\/7524\/8562\/files\/IMG_20260130_142717.jpg?v=1770089979","url":"https:\/\/babyllama.store\/zh\/products\/oliver-jeffers-from-international-bestseller-4books","provider":"BABY LLAMA ","version":"1.0","type":"link"}